ဝမ်းတွင်း ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုနယ် လူထုအခြေပြု ဗဟိုဌာနအနေဖြင့် လူငယ် လူရွယ်များအတွက် နွေရာသီ ကျောင်းပိတ်ရက်များတွင် အသိပညာ အတတ်ပညာများ တိုးပွားစေရန် ပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာ သင်တန်းများကို ဖွင့်လှစ်၍ သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနအနေဖြင့် လူငယ်လူရွယ်များအား ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုတက်စေရန်၊ နွေရာသီအားလပ်ရက်များတွင် အသိပညာများတိုးပွားစေပြီး အတတ်ပညာများကို ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လူငယ်လူရွယ်များမှ တက်ရောက်သင်ယူလျက်ရှိ ကြောင်းနှင့် ဦးစီးအရာရှိ ဒေါ်မူမြစောထံမှ သိရသည်။
အဆိုပါ ပန်းချီသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းကို နေ့စဥ် နံနက်(၉)နာရီမှ (၁၂)နာရီထိ သင်ကြားပေးလျက်ရှိပြီး မြို့ပေါ် ရပ်ကွက်များရှိ လူငယ်လူရွယ် (၄၀)ဦးမှ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)