ကျောင်းကုန်း ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဖုန်းဆိုးအုပ်စု၊ ဝက်ခေါက်ဘုန်းကြီးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဇော်ဝေလင်းတို့ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်ကြောင်းကြီး(၅)ကြောင်းသည် ကောက်ကြီးကုန်း အုပ်စုရှိ ပြည်သူ့ လုံခြုံရေးအဖွဲ့ဝင်(၄၀)ဦးနှင့် ဒေသခံပြည်သူ(၁၅)ဦး၊ စုစုပေါင်း (၅၅)ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာနေပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် အညီ လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ပြောကြားပြီး ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ဆိုင်ကယ် စီးနင်း/ မောင်းနှင် ရာတွင် မေးသိုင်းကြိုးပါသော ဦးထုပ်ကို ဆောင်းပြီး မောင်းနှင်စေရေး၊ နှစ်ယောက်ထက်ပို မစီးရေးစသည့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိလိုက်နာ စေရန် ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ ညမထွက်ရ ဒေသန္တရအမိန့် ထုတ်ပြန် ထားကြောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး ကောက်ကြီးကုန်းကျေးရွာရှိ ပြည်သူ(၇)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းနှင့် ဖုန်းဆိုးကျေးရွာရှိပြည်သူ (၈)ဦးတို့ အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)