လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပျက်စီး

လယ်ဝေး  ဧပြီ ၂၃

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များအမိုးလန်ခြင်း၊ ပြိုလဲခြင်း၊ သစ်ပင်ပိခြင်း၊  ဓာတ်တိုင်များလဲခြင်း ကျိုးပဲ့ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ပိတောက်ချောင်အုပ်စု၊ လက်ပံခုန်ကျေးရွာတွင် သစ်ပင်ပိသည့်နေအိမ် (၁) လုံးနှင့် အမိုးလန်သည့်နေအိမ် (၄) လုံး၊ ကွမ်းခြံကျေးရွာတွင် ပြိုလဲသည့်နေအိမ် (၁) လုံးနှင့် အမိုးလန်သည့်နေအိမ် (၄) လုံး၊ ပြည်ဝင်အုပ်စု၊ ချောင်းခွကျေးရွာတွင် အမိုးလန်သည့်နေအိမ် (၂) လုံး, ဇောင်ချမ်းကုန်းကျေးရွာတွင် အမိုးလန်သည့်နေအိမ် (၂)လုံးတို့ဖြစ်ပြီး သဲကောကြီးအုပ်စု၊ သဲကောလေးရွာတွင် ဓာတ်တိုင် (၁) တိုင် ကျိုးပဲ့ပျက်စီးပြီး (၁)တိုင် ကွဲအက်သွားခဲ့သကဲ့သို့  လျှပ်စစ်မီးကြိုးများလည်း ပြတ်တောက်မှုများရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)