ကျောက်ဆည် ဧပြီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသအတွင်းစိမ်းလန်းစိုပြည်ရေး၊ သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် ထင်းသုံးစွဲမှုဖူလုံစေရေးအတွက် နှစ်စဉ် ပျိုးပင်မျိုးစုံ စိုက်ပျိုးထားရှိကြောင်း သိရှိရပြီး ၂၀၂၃ ခုနှစ်တွင် လူထုဖြန့်ပျိုးပင်(၅)သောင်းနှင့် ကျေးရွာသုံးထင်းစိုက်ခင်းအတွက် ပျိုးပင် (၇၂,၆၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်းစိမ်းလန်း စိုပြည်ရေး ရာသီဥတု ကောင်းမွန် မျှတစေရန်အတွက် လူထုဖြန့် ပျိုးပင်များအား ပျိုးထောင်းထားရှိပြီး တပ်ရင်းတပ်ဖွဲ့များ အတွင်းနှင့် ပြည်သူများ၏ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့ နယ်မြေများတွင် စိုက်ပျိုးရန်အတွက် စိန်ပန်းပျိုး(၅,၅၀၀)ပင်၊ ကျွန်းပျိုး(၂,၀၀၀)ပင်၊ မယ်ဇယ်ပျိုး(၃,၀၀၀)ပင်၊ တမာပျိုး (၈,၀၀၀)ပင်၊ တပေဘူတပျိုး (၃,၀၀၀)ပင်၊ ငုရွှေဝါပျိုး(၄,၀၀၀)ပင်၊ မြန်မာကုက္ကိုပျိုး(၂,၅၀၀)၊ ရေတမာပျိုး(၃,၀၀၀)ပင်၊ မယ်ဇလီပျိုး (၁၃,၀၀၀)ပင်၊ ခရေပျိုး(၆,၀၀၀)ပင်၊ စုစုပေါင်းပျိုးပင် အမျိုးအစား(၁၀)မျိုး၊ ပျိုးပင်အရေအတွက် (၅၀,၀၀၀) ပင် ပျိုးထောင်ထားရှိသည့်အပြင် ကျေးရွာထင်းစိုက်ခြင်းအဖြစ် ရဒါန်းချောင်ဆုံ မြောက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၁)၊ ဧက(၅၀)တွင် စိုက်ပျိုးရန်အတွက် ယူကလစ်ပျိုး(၇၂၆၀၀)ပင် ပျိုးထောင်းထားရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ထင်းသုံးစွဲမှု ဖူလုံစေရေးအတွက် နှစ်စဉ်ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိပြီး လူထုဖြန့်ပျိုးပင်များအား ပြည်သူများ လိုအပ်သည့်နေရာတွင် စိုက်ပျိုးရန်အတွက် အခမဲ့ ဖြန့်ဝေလျက်ရှိကြောင်းနှင့် သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် ဒေသအတွင်း ထင်းဖူလုံစေရေးအတွက် ရဒါန်ချောင်းဆုံး မြောက်ကြိုးဝိုင်းတွင် ဖြည့်ဆည်းစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)