ဟိုပင်မြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲများပြုလုပ်

ဟိုပင် ဧပြီ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကလေးများအား နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟုသုတတိုးပွားစေရန်၊ တီထွင်ကြံဆတတ်စေရန်၊ စိတ်ပျော်ရွှင်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ဧပြီလ(၂၀)ရက်၊ မွန်းလွဲ(၁)နာရီက ပြုလုပ်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြဇေယျာရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ်ကလေးငယ်(၁၃)ဦးတို့က လာရောက်ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်လင်းသွယ်သွယ်ဦးနှင့် စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး (ပြန်/ဆက်)