မြောက်ဦး ဧပြီ ၂၃
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၉၅)ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊ လေးမျက်နှာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပချိန်တွင် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များလာရောက်ချိန်တွင် အေးချမ်းစွာလာရောက်ဘုရားဖူးနိုင်ရန်အတွက် ဘုရားဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များတို့ပူးပေါင်း၍ ယနေ့နံနက် ၇ နာရီအချိန်က သျှစ်သောင်းပုထိုးတော်ကြီး ရင်ပြင်အတွင်းနှင့် အနီးရှိခြုံနွယ်ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတိတ်အိတ်များကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ ပွင့်လန်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးဧည့်သည်များ လာရောက်နေကြသောအချိန်ဖြစ်သည့်အတွက် ဘုရားဖူးဧည့်သည်များ အဆင်ပြေစေရန်အတွက် ခြုံနွယ်ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတစ်အိတ်များကို ရှင်းလင်းဆောင်ရွက်လျှက်ရှိသည်။
အဆိုပါ သျှစ်သောင်းပုထိုးတော်ကြီး ရင်ပြင်နှင့်ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ စွန့်ပစ်အမှိုက်များ၊ သစ်ပင်အကိုင်းအခက်များနှင့် ပလစ်စတစ်အိတ်များရှင်းလင်းရာနေရာသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များတို့ပူးပေါင်း၍ စုပေါင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင် (ပြန်/ဆက်)