ပေါက်ခေါင်းမြို့၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ ကျင်းပ

ပေါက်ခေါင်း ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့ အမှတ်(၁)ရပ်ကွက် ပုဗ္ဗာရုံ‌ဘုန်းတော်ကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲကို ယမန်‌နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ဗုဗ္ဗါရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးဝိသုဒ္ဓနှင့်ဆရာ‌တော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်ကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပုဗ္ဗါရုံကျောင်းတိုက်ဆရာတော်ဦးဝိသုဒ္ဓက သီလပေးဩဝါဒချီးမြှင့်ပေးတော်မူခဲ့သည်။ ယင်း‌နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဖြိုးသူမောင်က သာသနာရေးဆိုင်ရာများကို လျောက်ထားတင်ပြခြင်းနှင့် သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားအားရုတ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းတွင် ငါးပါးသီလဘုရားရှိခိုး၊ ယဉ်ကျေးလိမ္မာဆုံးမစာများနှင့်ကဗျာများ၊ သုံးဆယ့်ရှစ်ဖြာမင်္ဂလာ စသည့် ဘာသာရပ်များကို ဧပြီလ  ၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ယဉ်ကျေးလိမ္မာသင်တန်းသား၊သင်တန်းသူ(၅၅)ဦးကို ဆရာတော်များနှင့်သင်တန်းဆရာမများက သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ ဆက်)