မလှိုင် ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရေနီကျေးရွာအုပ်စု၊ ကံကလေးကျေးရွာ ရွာဘုံအဖြစ် အသုံးပြုရန် စားဖိုဆောင်ပစ္စည်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မိသားစုနှင့် ဝန်ထမ်းတို့မှ ယနေ့ နံနက်(၁၁)နာရီအချိန်က အဆိုပါကျေးရွာရှိ ရွာဦးဓမ္မာရုံ၌ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် ကံကလေးကျေးရွာ ရွာဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇာနေယျထံမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသားတို့မှ ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် ဆရာတော်ထံမှ အနုမောဒဓာနာတရား နာယူခဲ့ကြသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတို့က လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှတန်းများ ပေးဝေခဲ့ကြသည်။
ယင်းနောက် ကျေးရွာအတွင်း သာရေး၊ နာရေးအတွက် အမှန်တကယ် လိုအပ်သော ကြွေပန်ကန်ပြား(၂၁၆)ခု၊ ကြွေပန်ကန်လုံး(၁၆၈)ခု၊ စတီးဇွန်းအတို(၁၄၄)ချောင်း၊ 220L ဆံ့ ထမင်းအပူခံပုံး(၁)ပုံး၊ စုစုပေါင်း တန်ဖိုးငွေ(၁၀)သိန်းတို့အား ကျေးရွာရွာမိ၊ ရွာဖများထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)