ဇမ္ဗူသီရိမြို့နယ်၌ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲ သံဃာ(၁၀)ပါးနှင့် လူပုဂ္ဂိုလ်(၆၁) ဦးဖြေဆို

ဇမ္ဗူသီရိ ဧပြီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ (၃၈)ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် (ဓမ္မဝိဇိတဗိမာန်တော်ကြီး)၌ စတင်ဖြေဆိုရာ မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများက ကြီးကြပ်ဆောင်ရွက်ကြသည်။

ထိုသို့ ဖြေဆိုနေမှုများအား ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ဖူးမျှော်ကြည်ညိုပြီး ဆရာတော်ကြီးများအား နဝကမ္မအလှူငွေများ၊ အချိုရည်နှင့် ရေသန့်များအား ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ ၂၀၂၃ ခုနှစ်၊ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲကို ဧပြီလ ၂၅ ရက်နေ့ မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့က (ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ) ကို ဝင်ရောက်ဖြေဆိုသူ သာမဏေ ၁၀ ပါး၊ လူပုဂ္ဂိုလ် ကျား ၄၃ ဦး၊ မ ၁၈ ဦး၊ စုစုပေါင်း စာဖြေ သာမဏေ ၁၀ ပါးနှင့် လူပုဂ္ဂိုလ် ၆၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)