ရွှေတောင်မြို့၊ စည်ပင်သာယာဈေးအတွင်း တိရစ္ဆာန်အသားစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဧပြီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရွှေတောင်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ အသားဆိုင်များအား အသားစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိရစ္ဆာန်အသား စစ်ဆေးကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအေးချမ်းဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျက်  မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကြက်၊ ဝက်၊ အမဲ၊ ဆိတ် အသားဆိုင်များကို သန့်ရှင်းလတ်ဆတ်မှု ရှိ၊မရှိ၊ စားသုံးသူများအတွက် ဘေးကင်းလုံခြုံမှု ရှိ၊မရှိ စသည်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက်ရွှေတောင်မြို့နယ်အတွင်းရှိ ကျွဲတလင်းကျေးရွာ၊ တပူစားကျေးရွာများရှိ အမဲ၊ ဝက်သားသတ်ရုံများတွင် သားသတ်‌စစ်ဆေးခြင်း၊ သားသတ်ရုံများအတွင်း pankill ပိုးသတ်ဆေးဖျန်းခြင်းနှင့် ဖြန့်ဖြူးခြင်းများကိုလည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။

မြို့နယ်ပြန်/ဆက်