မက်မန်း ဧပြီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများဘဝမြှင့်တင်ရေး၊ အမျိုးသမီးများကျန်းမာရေး၊ လူမှုဘဝလုံခြုံရေးတို့အတွက် စာအုပ်စာစောင်ပြပွဲကို ယနေ့၊ နံနက် ၈ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြသခဲ့သည်။
ထိုသို့ ပြသရာတွင် အမျိုးသမီးများအကြမ်းဖက်မှုကာကွယ်ရေးအတွက် စာအုပ်များ၊ အမျိုးသမီး ကျန်းမာရေးဆိုင်ရာ စာအုပ်များ၊ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ စာအုပ်များ၊ အမျိုးသမီး၏ လူမှုစီးပွားဆိုင်ရာ စာအုပ်များ၊ အချက်အပြုတ်ဆိုင်ရာ စာအုပ်များ၊ စိုက်ပျိုးရေးစာအုပ်များ၊ မွေးမြူရေးစာအုပ်များ၊ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ စာအုပ်များ၊ ဖျော်ဖြေရေးဆိုင်ရာဆိုင်များ ပြသခဲ့ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့် အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြပြီး အဆိုပါ စာအုပ်ကို ငှားရမ်းခြင်းများ ဆောင်ရွက်ပြီး ကျေးရွာများရှိ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးရေး ဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)