သီပေါမြို့နယ် ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်း စာမေးပွဲပထမနေ့ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ် စတင်ဖြေဆို

သီပေါ ဧပြီ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပန်းတိမ်တောင်ရပ်ကွက်ရှိ ရေဟော်ကျောင်းတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်း ရေးဖြေစာမေးပွဲ ပထမနေ့ ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်အား ယနေ့နံနက် (၈) နာရီခွဲက စတင်စစ်ဆေးဖြေဆို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းထိုင်ဆရာတော်နှင့် ဆရာ၊ ဆရာမတို့က သင်ကြားပြသပေးကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမ စာများ၊ ဘုရားစာ၊ ဘုရားရှိခိုး နည်းများကို နားလည်သိရှိသဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန်ရည်ရွယ်၍ မတ်လ (၂၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီးရက်ပေါင်း (၃၅) ရက်ကြာ သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း၊ သင်တန်းသို့ မြို့နယ်အတွင်းရှိရှင်သာမဏေများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက် လျက်ရှိကြောင်းနှင့် ယခင်နှစ်မှစတင်၍ ပထမအကြိမ်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်ဖွင့်လှစ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်ပါကြောင်း၊  စာမေးပွဲကို ယနေ့နံနက် (၈) နာရီခွဲမှ စတင်၍ စစ်ဆေးဖြေဆိုဆောင်ရွက်လျက်ရှိပြီး ရေးဖြေ၊ နုတ်ဖြေ (၃) ရက် စစ်ဆေးဖြေဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေဟော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ သိရသည်။

ဒေါ်ခင်နီလာစိုး