တနိုင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲ ဖြေဆို

တနိုင်း ဧပြီ ၂၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ (၃၈) ကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက မုန်ဒိန်ရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုမြို့မကျောင်း၌ ဖြေဆိုခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာယဉ်ကျေးမှု စာမေးပွဲတွင် ကျောင်းသား/သူ (၄၁)ဦး ဝင်ရောက်ဖြေဆိုကြောင်းနှင့် အဆိုပါ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲဖြေဆိုနေမှုကို တနိုင်းမြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုမြို့မကျောင်းဆရာတော် စန္ဒနာလင်္ကာရ၊ မြို့နယ်သာသနာရေး ဒုတိယဦးစီးမှူး ဦးရဲဇော်၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးတို့က ကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)