ထန်းတပင်(ပဲခူး)ဧပြီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ Youth Club Book Club နှင့် Women Club များ ပြန်လည်ဖွဲ့စည်းခြင်းကိုယမန်နေ့က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်က Club များဖွဲ့စည်းရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ Youth Club၊ Book Club နှင့် Women Club တို့ကို ပြန်လည်ဖွဲ့စည်းပေးခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဥက္ကဋ္ဌက စာအုပ်စာစောင်များကို အသိပညာတိုးပွားစေရေးအတွက် ဖတ်ကြရန်နှင့်စာဖတ်ဝိုင်းကို လစဥ် ပုံမှန်တက်ရောက်ပေးလိုကြောင်း ပြောကြားပြီး Women Club အဖွဲ့ဥက္ကဋ္ဌမှ အမျိုးသမီးအခွင့်အရေးရရှိရေးနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကို ပြောကြားခဲ့ပြီး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအကြောင်းများကို အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်