မာန်အောင် ဧပြီ ၂၇
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့်ထပ်ဆောင်း ကာကွယ်ဆေး(Booster)ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီမှစ၍ ညနေ (၃)နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံ(ဟောင်း)ခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှတ်တမ်းစာရွက်ကို ယူဆောင်လာစေပြီး ထိုးနှံရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စာရင်းများ စနစ်ကျကောက်ယူခြင်းများ ပြုလုပ်ပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္တအကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်တတိယအကြိမ်အဖြစ် လာရောက်ထိုးနံသူ(၃၂)ဦး၊ စတုတ္ထအကြိမ်အဖြစ် လာရောက်ထိုးနှံသူ(၄၆)ဦး၊ ပဉ္စမအကြိမ်အဖြစ်လာရောက်ထိုးနှံသူ(၄၀)ဦး၊ စုစုပေါင်း(၁၁၈)ဦးတို့ကို ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သိန်းဖေ(ပြန်/ဆက်)