ရေဖြူ ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များ မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာပေမှ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ယနေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ကလေးများ လောကပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်စေရန်၊ မိမိတွေ့မြင်မှု၊ ခံစားမှုတို့ကို ပြန်လည်ရေးသားတင်ပြတတ်စေရန် ရည်ရွယ်၍ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်စွမ်းရည်မြင့်လာစေရန် ရည်ရွယ်၍ အမှာစကား ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် ကျောင်းသား/သူ (၃၄)ဦး တက်ရောက်ကြပြီး ပြိုင်ပွဲ၌ ဆုရရှိသူ ကျောင်းသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ခတ္တာ