တနင်္သာရီ ဧပြီ ၂၇
၂၀၂၂-၂၀၂၃ခုနှစ်၊ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းစာမေးပွဲ အောင်စာရင်းများကို ၂၀၂၃ ခုနှစ်၊ ယနေ့နံနက်၆နာရီအချိန်မှစ၍ ထုတ်ပြန်ကြေညာ၍ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ အခြေခံပညာကျောင်းများရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားကြေညာပေးလျက်ရှိကြောင်း သိရသည်။
ဤမြို့နယ်အတွင်း အဆိုပါအောင်စာရင်းများ ထုတ်ပြန်ရာတွင် KG အတန်းမှစ၍ (သင်ရိုးသစ်) (ဧကဒဿမတန်း) (GRADE-11) အတန်းအထိ အခြေခံပညာကျောင်းများနှင့် GRADE-5 နှင့် GRADE-9 စာစစ်ဌာနများ…စုစုပေါင်း(၇၀)တို့တွင် အတန်းလိုက် အောင်စာရင်းများကို ထုတ်ပြန်ကြေငြာပြီး သက်ဆိုင်ရာ အခြေခံပညာကျောင်းအလိုက် ကြောညာသင်ပုန်းများတွင် ကပ်ထားကြေညာပေးထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)