တောင်ကုတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေး

တောင်ကုတ် ဧပြီ ၂

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီမှစ၍ တောင်ကုတ်မြို့နယ်ခန်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက စာရင်းများ စနစ်ကျ ကောက်ယူ၍ ဒုတိယအကြိမ် ထိုးနှံပြီးသူများအား တတိယအကြိမ်အဖြစ်လည်းကောင်း၊ တတိယအကြိမ် ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ်အဖြစ်လည်းကောင်း ၊ စတုတ္တအကြိမ် ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း (၃၁၉)ဦးသို့ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။       

မြို့နယ်(ပြန်/ဆက်)