ဟုမ္မလင်း ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ဟုမ္မလင်းသင်တန်းစခန်း အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဥ် (၁/၂၀၂၃) သင်တန်းသားများ အား ထောက်ပံ့ငွေပေးအပ်ပွဲကို ဧပြီလ (၂၆) ရက်နေ့၊ မွန်းလွဲ (၂) နာရီခွဲအချိန်က ဟုမ္မလင်းမြို့၊ လေတပ်စခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ထောက်ပံ့ငွေသိန်းတစ်ရာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်းကပေးအပ်ရာ သင်တန်းသား/သင်တန်းသူ ခေါင်းဆောင်နှစ်ဦးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဟုမ္မလင်းလေးတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းလေးတပ်စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦးနှင့် အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း