မန္တလေး ဧပြီ ၂၇
မြန်မာစာပေကိုချစ်မြတ်နိုးတန်ဖိုးထားစေရန်၊ မြန်မာအရေးအသားမှန်ကန်စွာ ရေးသားတတ်စေရန်၊ အသိပညာဗဟုသုတကြွယ်ဝစေရန် ရည်ရွယ်၍ မြန်မာစာစာလုံးပေါင်းသတ်ပုံပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက မိမိတို့မြန်မာစာပေကို ချစ်မြတ်နိုးတတ်စေရန်၊ မြန်မာစာပေရေးသားရာတွင် စာလုံးပေါင်းသတ်ပုံမှန်ကန်စေရန်၊ အရေး၊ အပြောတွင် မှားတတ်သော စကားလုံးများကိုသိရှိစေရန်၊ အသိပညာဗဟုသုတရရှိစေရန် မြန်မာစာပေအရေးအသား ထူးချွန်ထက်မြက်စေရန်၊ စာပေဖတ်ရှု့ရုံသာမက ရေးထုံးကို ကျွမ်းကျင်နှံ့စပ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲကိုကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် ပြိုင်ပွဲဝင်များအား မြန်မာစာသတ်ပုံစာလုံးများအား အမှား၊အမှန်ယှဉ်တွဲ၍ အမှန်ရွေးချယ်စေပြီး ပါဝင်ယှဉ်ပြိုင်သူများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)