တံတားဦး ဧပြီ ၂၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဖြေဆိုခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် Grade=1 မှ Grade=11 အထိ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်(၆)နာရီမှ စတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
တံတားဦးမြို့နယ်အတွင် အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းပေါင်း(၉)ကျောင်း၊ စုစုပေါင်း(၁၃၀) ကျောင်းရှိပြီး မူလတန်းကျောင်းသား၊ ကျောင်းသူများ၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူများ၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများ အားလုံးတို့အား စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေငြာထားရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများက မိမိတို့အမည်များ ပါ၊ မပါ ၊ မိဘအုပ်ထိန်းသူများက မိမိတို့ သား၊ သမီး အမည်ပါ၊ မပါ လာရောက်ကြည့်ရှုကြကြောင်းနှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများအားလုံးလည်း တစ်ပါတည်း အောင်စာရင်းထုတ်ပြန်ပေးထားကြောင်း တံတားဦးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဦးရဲတင့်( ပြန်/ဆက်)