ရမည်းသင်းမြို့နယ်အတွင် အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများထုတ်ပြန်

ရမည်းသင်း ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ အောင်စာရင်းကို ယနေ့နံနက်(၆)နာရီမှစ၍ ရမည်းသင်းမြို့နယ်ရှိ အခြေခံပညာကျောင်းအသီးသီးတွင် အောင်စာရင်းများထုတ်ပြန်ထားရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်အတွင် အစိုးရကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊  ပုဂ္ဂလိကကျောင်းများ အပါအဝင် အခြေခံညာ ကျောင်းပေါင်း (၂၇၄)ကျောင်း ဖွင့်လှစ်သင်ကြားခဲ့ကာ၊ စာမေးပွဲအောင်စာရင်းများ ကပ်ထားကြောင်း သိရသည်။ ထို့ပြင်  Grade-5  နှင့် Grade-9 များအတွက် တစ်ပြိုင်နက်တည်း အောင်စာရင်းများ ကြေညာပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)