သတင်းများ

ပျော်ဘွယ်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ကျင်းပ
Jun 30,2025
ပျော်ဘွယ်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဦးဆောင်၍ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက်  သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူလေးများ ပူးပေါင်းပါဝင်သည့် အဖွဲ့များဖြင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၉) နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါးစံပြစိုက်ခင်းတွင် မိုးစပါး (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Jun 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ မိုးစပါး (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်က ဝါးရုံဆိပ်အေးရွာအနာက်ရပ်ကွက်၊ ကွင်းအမှတ် (၁၅၇)၊ ဦးပိုင် အမှတ် ၅/၃(က)ရှိ တောင်သူ ဦးချစ်အောင်၏ လယ်မြေ(၄)ဧက၌ မိုးစပါး (Seeder)ဖြင့် ဆင်းသုခမျိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ချောက်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်ခွဲမှမိုးရာသီ စိုက်ပျိုးစရိတ်​ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Jun 30,2025
မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက်၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျေးရွာအုပ်စု(၁)အုပ်စုရှိ တောင်သူဦး ရေ(၁၁၄)ဦးအတွက် ငွေကျပ်(၆၆၀) သိန်း ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်​ချေး​ငွေ ကျပ်သိန်း(၃၀၀၀၀) ထုတ်ချေးပေးသွားမည်​ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jun 30,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၂၃၈၆၊ ၂၃၈၇ နှင့် ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ် ၃၃၆၈၊ ၃၃၆၉ သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ စက်ယန္တရားများ တိုးမြှင့်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သထုံမြို့၊ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိဓမ္မာသင်တန်းခွဲ ဖွင့်လှစ်
Jun 30,2025
မွန်ပြည်နယ်၊ သထုံမြို့ သာသနာ့ရောင်ခြည် ဗုဒ္ဓစာပေပြန့်ပွားရေးအသင်းကြီး၏ အခြေခံအဘိမ္မာသင်တန်းခွဲအဖြစ် ဘဝအသုံးချကိုယ်ကျင့်အဘိဓမ္မာ မျှဝေခြင်းအစီအစဉ်ကို လိပ်အင်းရပ်ကွက်၊ ရွာဦးရှိ သုဝဏ္ဏဘူမိဝိမုတ္တိဉာဏဒဿနစေတီတော်မြတ်ကြီးဓမ္မာရုံ၌ ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က စတင်ဖွင့်လှစ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ ငရုတ်သီးနှံ ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 30,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့် သမော်အင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်း
Jun 30,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ခရိုင်၊မြို့နယ်၊ ရပ်ကွက်ကျေးရွာ ပြည်သူ့စာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများပြုလုပ်
Jun 30,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၉ နာရီအချိန်က  ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။