ကျောက်ပန်းတောင်း ဇွန် ၂၈
မန္တလေတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာအုပ်စု၊ ပုပ္ပါးတောင်မကြီးတွင် ဒုတိယအကြိမ်အဖြစ် Myanmar Ultra Trail Running Association (MUTRA)အမျိုးသားလက်ရွေးစင်အဆင့် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့သည်။
အဆိုပါ Myanmar Ultra Trail Running Association (MUTRA) အမျိုးသားလက်ရွှေးစင်အဆင့် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲကို ကျောက်ပန်းတောင်းမြိုနယ်၊ ပုပ္ပါးကျေးရွာအုပ်စု၊ ပုပ္ပါးတောင်မကြီးတွင် ဒုတိယအကြိမ်အဖြစ် ကျင်းပခဲ့သည်။ Myanmar Ultra Trail Running Association (MUTRA)အမျိုးသားလက်ရွေးစင်အဆင့် လမ်းကြမ်းအပြေးအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ (50)KM အား ပြိုင်ပွဲဝင် (၂၆)ဦး၊ (25)KM အား ပြိုင်ပွဲဝင် (၉၃)ဦး၊ (15)KM အား ပြိုင်ပွဲဝင် (၁၁၉)ဦး၊ စုစုပေါင်း ၂၃၈ ဦးတိုဖြင့် ကျောက်ပန်းတောင်းမြို့နယ်၊ စကားဝါဥယျာဉ်အတွင်းမှ စတင်တာလွှတ်ခဲ့ပြီး ကြာချိန် ၁ နာရီ ၂၄ မိနစ်တွင် ပြိုင်ပွဲဝင် ကိုရန်နိုင်မှ ပထမဆုံးအဖြစ် ပန်းဝင်ခဲ့ကြောင်း၊ (15)KM ပြိုင်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ Second Secretary ဖြစ်သူ Mr.Thomas Andrew Lee နှင့် ရန်ကုန်မြို့အခြေစိုက် (USAID)မှ Economic Growth Office Director at USAID ဖြစ်သူ Mr.John Richard Pasch တို ၂ ဦးအပြင် စုစုပေါင်း နိုင်ငံခြားသား ၅ ဦးသည်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ လုံခြုံရေးအား ပုပ္ပားရဲကင်းစခန်းမှ ယာယီစခန်းမှူး ရဲအုပ် ကျော်ကျော်ဝင်းနှင့် ပူးပေါင်းအဖွဲ့တို့မှ လုံခြုံရေးဆောင်ရွက်ခဲ့ပြီး မြိုနယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာန (ပုပ္ပါးတောင်ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး)တို့မှ အနီးကပ်ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး နံနက် ၉ နာရီတွင် ပြိုင်ပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။
သဲသဲ (ပြန်/ဆက်)