ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေး

ရွှေတောင် ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမနှင့် အ.ထ.က (သရက်တော) ကျောင်းတို့တွင် ယမန့်နေ့ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး စည်းရုံးဆွေးနွေးပွဲ အခမ်းအနား ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြည်ခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်း၊ ပြည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ ပြည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်အောင်၊ ပြည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး  ဦးဝင်းလွင်တို့က ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူ လျာထားဦးရေ ပြည့်မီစွာ တက်ရောက်နိုင်ရေး  သက်ဆိုင်ရာ တာဝန်ရှိသူများ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမိဘများမှ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြေကြားပေးခဲ့သည်။

ကိုကိုမင်း (ပြန်/ဆက်)