ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ကျော်လွန်ရောက်ရှိ

ဖောင်းပြင် ဇွန် ၂၈

ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေသည် ယမန်နေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၃၂၅ စင်တီမီတာအထက်သို့ ၃လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒတိုင်းထွာရေးစခန်းက တာဝန်ရှိသူထံမှ သိရသည်။

လက်ရှိရေအမှတ်တွင် မြို့၏ရပ်ကွက်အချို့နှင့် ကျေးရွာများရှိ မြေနိမ့်ပိုင်းနေရာများသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိပြီး လက်ရှိရေအမှတ်အထက်သို့ ဆက်လက်မြင့်တက်လာနိုင်ဖွယ်ရှိရာ ရေဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ ပစ္စည်းဥစ္စာများဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနက အသိပေးကြေညာလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)