သတင်းများ

အင်းစိန်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများထပ်ဆင့်ရှင်းလင်း
Mar 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃+၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ နွေရာသီ အခြေခံ အားကစားသင်တန်းများဖွင့်လှစ်
Mar 07,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်၍ မတ်လ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်မည်
Mar 07,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နွေရာသီအားကစားနည်းသင်တန်းများကို မတ် ၁၀ ရက်နေ့မှ စတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွန်းဦး ထံက သိရသည်။
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၄) ညောင်နီတွင် ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော‌ပွဲနှင့် လက်ကမ်းစာ‌စောင်ဖြန့်‌ဝေခြင်းများ ဆောင်ရွက်
Mar 07,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်း တောမီးနှင့် အခြားအကြောင်းအရင်းအမျိုးမျိုးကြောင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်းအား လျှော့ချစေရန်၊ ကြိုတင်ကာကွယ်တားဆီးခြင်းများ ဆောင်ရွက်နိုင်စေရန်နှင့် ပြည်သူလူထုအတွင်း ပတ်၀န်းကျင် ထိန်းသိမ်းရေး အသိပညာရပ်များ တိုးပွားလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၄) ညောင်နီ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးများ စတင်စိုက်ပျိုး
Mar 07,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ဆန်စပါး စားားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ယခုလဆန်းပိုင်းကစပြီး နွေစပါးများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ကြိုတင်ပြင်ဆင်နိုင်ရေး ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်၌ ဆည်ရေ၊ ကန်ရေဖြင့် နွေစပါးနှင့် နွေနှမ်းသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည် 
Mar 07,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၄-၂၀၂၅ခုနှစ် ဆည်ရေကန်ရေဖြင့် နွေစပါးနှင့် နွေနှမ်းသီးနှံ စိုက်ဧက ၈၂၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထန်းတပင်မြို့နယ်၌ ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲစာအောင် သံဃာဆုပေးပွဲကျင်းပ
Mar 07,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများမှကြီးမှူး၍ ကျင်းပပြုလုပ်သော ပရိယတ္တိသဒ္ဓမ္မဟိတကာရီစာမေးပွဲနှင့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် ဆုများဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။