မိုင်းဆတ်မြို့၌ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲပူးပေါင်းဆောင်ရွက်

မိုင်းဆတ် မေ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ကျဒယ်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆို ဆိုင်ကလုန်းမုန်တိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာရွှေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်လတ်နှင့် တာဝန်ရှိသူတို့က ကျဒယ်ရပ်ကွက်မှဒေသခံပြည်သူများအား မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့်  မုန်တိုင်းဘေးအန္တရာယ်၏ နောက်ဆက်တွဲ ဘေးအန္တရာယ်များဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေး၊ မြေပြိုဘေး စသည့်ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များနှင့် မိုးလေဝသသတင်းများ နားထောင်ကြရန် အသိပညာပေး ဟောပြောခဲ့ ကြကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)