တန့်ယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်‌ရေးအတွက် အသိပေးနှိုးဆော်

တန့်ယန်း မေ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် တန့်ယန်းမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ် သတိပြုနိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့လိုက်လံအသိပေး နှိုးဆော်ခြင်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံ ခန့်ခွဲမှုကော်မတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနမှ ထုတ်ပြန်ချက်များနှင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)