သဲကုန်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးသွားသည့် နေအိမ်မှ အိမ်ထောင်စုဝင်များကို ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေက လေဘေးသင့် ပြည်သူများ၏လက်ဝယ် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးယဉ်ထွေး၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေး၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က မေ ၁၂ ရက် နေ့ညနေပိုင်းက (၂)ရပ်ကွက်၊ (၄)ရပ်ကွက် နှင့်ကျေးရွာအုပ်စု (၄)ခု တို့မှ ပြိုလဲအိမ်ခြေ၁လုံးနှင့်အမိုးလန်အိမ်ခြေ ၇ လုံးအတွက် အိမ်ဆောက်ပစ္စည်း ဘိုး ၄၃၀၀၀၀ ၊ လူ ၂၅ ဦးအတွက် ဆန်ဘိုး ၅၇၅၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး တစ်စုစာတို့အား လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်