ဒလ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့က ရပ်ကွက်များအတွင်း၌ လှည့်လည်အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မုန်တိုင်း အန္တရာယ်နှင့်ရေကြီး၊ ရေလျှံခြင်း၊ သစ်ပင်ပြိုလဲခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များဖြစ်ပေါ် လာပါက ကြိုတင်ကာကွယ်နိုင်စေရန်၊ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ လျှော့ချနိုင်စေရန်၊ ပြည်သူများအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်၊ မုန်တိုင်းနှင့်ပတ်သက်၍ နေ့စဥ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များကို အစဥ်မပြတ် ကြည့်ရှုနားထောင်ရန်စသည်တို့ကို လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်းသတင်း ရရှိသည်။
မြင့်ဇော်(ပြန်/ဆက်)