ပန်းတနော် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်၊ မုန်တိုင်းဘေးအန္တရာယ်များ ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတနော်မြစ်အတွင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ပန်းတနော်မြစ်အတွင်း ဇတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် မိုးသည်းထန်စွာရွာသွန်းမှု၊ မြစ်ရေမြင့်တက်မှု၊ ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့လာပါက ရေဗုံးခွံ ရေသန့်ဗူးခွံများဖြင့် အသက်ကယ်တင်နည်းများကို လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)