မချမ်းဘော မေ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ မုန်တိုင်းအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုက်တင်ကာကွယ်ရေးဆိုင်ရာများကို သိရှိစေရန် ရည်ရွယ်၍ မုန်တိုင်းအန္တရာယ် ကာကွယ်ရေးဆိုင်ရာ နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်တို့ကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့ စာကြည့်တိုက်ရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ဝေ သော မုန်တိုင်းအန္တရာယ် လျော့ပါးရေး ပညာပေးစာစောင်ပါ မုန်တိုင်း ရာသီမကျရောက်မီလိုက်နာ ရမည့်အချက်များ၊ မုန်တိုင်း တိုက်ခတ်လာသောအခါ လိုက်နာရမည့်အချက်များ၊ မုန်တိုင်းအန္တရာယ် ကျရောက်ပြီးပါက လိုက်နာရမည့်အချက်များ၊ မုန်တိုင်း သတင်းနှင့် မုန်တိုင်းအဆင့်များ၊ မုန်တိုင်းအင်အားနှင့် ဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ၊ မုန်တိုင်းသတိပေးချက်နှင့် ပတ်သက်၍ သတိပြုရန်အချက်များ၊ မုန်တိုင်းကြောင့် မြင့်တက်လာနိုင်သည့် ရေလှိုင်းအန္တရာယ်များပါ အသိပညာပေး ထုတ်ပြန် ချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိအောင် သတိပြုနေထိုင်ကြရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် စိတ်ဝင်စားဖွယ်ပြသထားကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)