ချောင်းဆုံ မေ ၁၁
ချောင်းဆုံမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများရှိ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်၍ ထုတ်ပြန်ချက်များကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့က ကလွီကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်း ဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းဆွေက ကျေးရွာရှိ ပြည်သူများအား မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် မုန်တိုင်း၏အခြေအနေ အဆင့်ဆင့်၊ ဦးတည်ရွေ့လျားရာလမ်းကြောင်းနှင့် ဖြစ်ပွားနိုင်သည့်ရာသီအခြေအနေများကိုလည်းကောင်း၊ မုန်တိုင်းမဖြစ်မီ၊ ဖြစ်ပွားနေစဉ်နှင့်ဖြစ်ပြီးအချိန်းများတွင် လိုက်နာရန်အချက်များနှင့် မြို့နယ်ထုတ်ပြန့်ထားသည့် ဒေသန္တရအမိန့်များ လိုက်နာကြရန်စသည့်အချက်များ ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)