သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အရေးပေါ်ကူညီကယ်ဆယ်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စုဖွဲ့ထားရှိ

ငါးသိုင်းချောင်း မေ ၁၁

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ နယ်မြေမီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်က ဦးဆောင်၍ မုန်တိုင်း ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်မှုများ လုပ်ဆောင်နိုင်ရန်အတွက် သန္ဓေ တပ်ဖွဲ့ဝင်များနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် လိုအပ်မည့် ကယ်ဆယ်ရေးပစ္စည်းများကို မေလ ၉ ရက်နေ့ ညနေ(၄)နာရီ အချိန်က နယ်မြေမီးသတ်ဦးစီးဌာနရုံးတွင် စုဖွဲ့ထားရှိကြောင်း သိရသည်။

ထိုသို့ စုဖွဲ့ထားရှိရာတွင် ငါးသိုင်းချောင်းမြို့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ထားရှိပြီး ရှာဖွေရေးအတွက် လိုအပ်မည့် ပစ္စည်းများဖြစ်သည့် အသက်ကယ်ဘောကွင်း၊ အသက် ကယ်လှေ၊ ရှာကယ်ကြိုး၊ ဆေးသေတ္တာ၊ အောက်ဆီဂျင်ဘူးများ၊ ကျောပိုးအိတ်များစသည့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား အသင့်ကြိုတင်ဆောင်ရွက်ထားရှိပြီး ရှာဖွေ ကယ်ဆယ် ရေးသုံးပစ္စည်းများ ကောင်းမွန်ကြံ့ခိုင်မှုရှိ/မရှိကို မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် မြို့စခန်းမှူးတို့က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)