ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုဆိုင်ရာ အသိပညာပေး (Talk Show)ပြုလုပ်

ဒဂုံတောင် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင်ယမန်နေ့ နံနက်(၁၁:၀၀)အချိန်က သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက မုန်တိုင်းဦးတည်ရာအလိုက် အရောင်သတ်မှတ်ချက်များ၊ မုန်တိုင်းဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုများ၊ အကြုံပြုချက်များဖြစ်သော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များကို စောင့်ကြည့်၍ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားနိုင်ပါရန်အစရှိသည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြားသော သဘာဝဘေးများနှင့်ပတ်သက်၍လည်း လုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှုများ၊ အရေးပေါ်အခြေအနေအတွက် ပြင်ဆင်မှုမျာအား အသိပညာပေးဆက်လက်ကျင်းပ ပြုလုပ်ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ ဆက်)