ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းတွင် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်စက်များနှင့် ရိက္ခာများ စုဆောင်းထားရှိမှုကို ခရိုင်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေး

ဒဂုံမြောက် မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းတွင် ယမန်နေ့ နံနက်ပိုင်း အရေးပေါ်ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ယာဉ်စက်များနှင့် ရိက္ခာများ စုဆောင်းထားရှိမှုကို ခရိုင်စီမံအုပ်ချုပ်‌ရေးကောင်စီအဖွဲ့ဝင် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဦးမျိုးဝင်း၊ ခရိုင်စီမံအုပ်ချုပ်‌ရေး‌ကောင်စီအဖွဲ့ဝင် (၂) ဒေါက်တာ ရွှေပြည်စိုး၊   ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ​ဒေါ်မာလာသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေး‌ကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလာရောက် စစ်ဆေးကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်ဆေးကြည့်ရှုမှုများကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင်မှ လိုက်လံရှင်းလင်းပြသပေးခဲ့ပြီး ​ အခမ်းအနားအား မြို့နယ်မီးသတ် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များတက်ရောက်ခဲ့ပကြောင်းသတင်းရရှိသည်။

မြင့်မြင့်ရီ (ပြန်/ ဆက်)