တာလေမြို့၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တာလေ မေ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၉ ရက်နေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခေတ္တမြို့အုပ်ချုပ်းရေးမှူး ဉီးအောင်ပြည့်ဖြိုးက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ လူ၊ ကယ်ဆယ်ရေးပစ္စည်းနှင့် ပို့ဆောင်ရေးယာဉ်စုဖွဲ့ထားရှိမည့် အခြေအနေများ၊ အထောက်အကူပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများစုဆောင်းထားရှိမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးရာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတို့က လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အလှူရှင်များက လိုအပ်သည့် အလှူငွေများ၊ ရေပုံး၊ ပေါက်ပြား၊ ဂေါ်ပြား၊ အိမ်သာခွက်နှင့် ရေပိုက်လုံးများအား ပေးအပ်လှူဒါန်းရာ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဉီးအောင်ပြည့်ဖြိုးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)