ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ယခုအချိန်တွင် လက်ရှိဖြစ်ပေါ်လျက်ရှိသည့် သဘာဝဘေးအန္တရာယ်များ၊ မိုးရာသီအတွင်းဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့်မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မီ အသိပေးပြန်ကြားခြင်း၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရိက္ခာများအသင့်စုဖွဲ့ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)