သာပေါင်းမြိုနယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ သဘာဝဘေးစီမံချက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး

သာပေါင်း မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ သဘာဝဘေးစီမံချက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ မြိုနယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များအား တွေ့ဆုံ၍ မြို့နယ်သဘာဝဘေးစီမံချက်ပါ လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ စား‌ရေရိက္ခာနှင့် ကယ်ဆယ်/ထောက်ပို့ပစ္စည်းများ စုဖွဲ့ထားရှိမှုများ၊ Cyclone Shelter နှင့် ကယ်ဆယ်ရေးစခန်းဖွင့်ရန် လျာထားဆောင်ရွက်မှု အခြေအနေများ၊ မုန်တိုင်းသတိပေးအရောင်အဆင့် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိပြီဖြစ်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့ပြီး ကော်မတီဝင်များချိတ်ဆက်၍ လျင်လျင်မြန်မြန် ဆောင်ရွက်ကြရန် စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်