မိုင်းပန် မေ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အားကစားကွင်း၌ ယမန်နေ့နံနက် ၈ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယဗိုလ်မှူးကြီး ဇော်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့်အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများမှ မြို့နယ်အတွင်းဖွဲ့စည်းထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများ အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်အချိန်တွင်အသုံးပြုမည့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ကောင်းမွန်ကြံ့ခိုင်မှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)