ကဝ မေ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကဝမြို့နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ၊ အခြားအမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများတွင် ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန်လုပ်ငန်းရှင်မျာနှင့်တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးပညာပေးဟောပြောရာတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များက ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများ၊ ထိခိုက်နစ်နာမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများအား တိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)