လွိုင်ကော်မြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

လွိုင်ကော် မေ ၁၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်းနှင့် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းတို့ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများနှင့် ရပ်ကွက်များသို့ လှည့်လည်၍ အသိပေးနှိုးဆော်ချက်များအား ပြည်သူများသိရှိနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လွိုင်ကော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းတို့က မုန်တိုင်းအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက်/ ကျေးရွာများသို့ အသိပေးနှိုးဆော်ချက်များအား ပြည်သူများ သိရှိနိုင်ရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ မုန်တိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်တွင် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ် နေစဉ်တွင်လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပါက မိမိနှင့်အတူ အသင့်ထားရှိရမည့် အရေးပေါ် သုံးပစ္စည်းများ စသည့်အသိပညာ ဗဟုသုတဆိုင်ရာများ ပါဝင်ကြောင်း သိရသည်။

ခရိုင် (ပြန်/ ဆက်)