ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့် မြို့နယ်သဘာ၀ဘေးကာကွယ်ရေး စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဓနုဖြူ မေ ၁၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းမြင့်သည် ယနေ့ နေ့လည်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ရောက်ရှိလာပြီး မြို့နယ်သဘာ၀ဘေး ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဝင်များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါတွေဆုံပွဲတွင် ဝန်ကြီးမှဓနုဖြူမြို့နယ်အတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးစီမံထားရှိမှုများ၊ ယာယီခိုလှုံနိုင်ရန်နေရာများစီစဉ်ထားရှိမှုများ၊ စားနပ်ရိက္ခာစုဆောင်းထားရှိမှု၊ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးအတွက် အသင့်စုဆောင်းထားရှိမှု အခြေအနေများအားမေးမြန်းခဲ့ရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ဝင်များမှဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးမှလိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။

 ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်မီးသတ်ရုံးရှိ မြို့နယ်သဘာဝဘေးကွပ်ကဲမှုအဖွဲ့ရုံး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)