ညောင်တုန်း မေ ၁၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးအုန်းမြင့်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိလာပြီး မြို့နယ်သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း သဘာဝဘေးဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများ၊ ယာယီခိုလှုံနိုင်ရန် နေရာများစီစဉ်ထားရှိမှု၊ စားနပ်ရိက္ခာစုဆောင်းထားရှိမှု၊ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးအတွက် အသင့်စုဆောင်းထားရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးရာ မြို့နယ်သဘာ၀ဘေးကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီဝင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက်ရှင်းလင်းတင်ပြခဲ့ပြီးဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် မြို့နယ်သဘာဝဘေး ကွပ်ကဲမှုအဖွဲ့ရုံး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြို့နယဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်ဆက်)