မအူပင် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ မုန်တိုင်းဘေးအန္တရာယ်အသိ ပညာပေးပိုစတာစိုက်ထူခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က လူစည်ကားရာနေရာဖြစ်သည့် ရေလဲလမ်း အဝေးပြေးကားဂိတ်ဝန်းအနီးတွင် စိုက်ထူခဲ့ကြသည်။
အဆိုပါမုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာတွင် မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဦးတည်ရာ အလိုက်အလိုက် အရောင်သတ်မှတ်ခြင်းနှင့် မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်အချက်များပါဝင်ပြီး ပြည်သူများဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကာကွယ်နိုင်ရန်ရည်ရွယ်ပြီးစိုက်ထူခြင်းဖြစ်ကြောင်းသိရသည်။
မုန်တိုင်းဘေးအန္တရာယ်အသိပညာပေးပိုစတာစိုက်ထူပွဲသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးအရာရှိဦးဟန်လင်းထွဋ်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်မျိုးဌေးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)