ငွေဆောင်မြို့၊ ကွပ်ကဲရေးရုံးသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ငွေဆောင် မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ထားရှိသည့် ကွပ်ကဲရေးရုံးတွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ယမန်နေ့ညနေ(၁၆း၁၅)အချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် ကွပ်ကဲရေးရုံးသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် အဖွဲ့၊ ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လာရောက်၍ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်၊ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငပိ၊ ခေါက်ဆွဲခြောက်၊ ကြာဇံခြောက် ထောက်ပံ့ကာ မုန်တိုင်းကြိုတင်ကာကွယ်မှုနှင့် ပတ်သက်သော အချက်အလက်များအား ဆွေးနွေးခဲ့သည်။ ထို့နောက် ကွပ်ကဲရေးရုံး ဖွင့်လှစ်ထားရှိမှု၊ ထောက်ပံ့ရေးရိက္ခာပစ္စည်းများ စုဆောင်းထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှု၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ စုစည်းထားရှိမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်