တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ MOCHA ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show

တံတား မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ MOCHA ဆိုင်ကလုန်းမုန်တိုင်းကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်နှင့် (Book Club) အဖွဲ့ဝင်ဒေါ်နုနုဝေတို့က မိုးလေးဝသနှင့်ဇလဗေဒဦးစီးဌာနမှ ကြေငြာထားသော (MOCHA)ဆိုင်ကလုန်းမုန်တိုင်းနှင့်ပက်သက်၍ ပြည်သူများ သတိပြုရှောင်ရှားကြစေရန်၊ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်ရန်အချက်များ မုန်တိုင်းဖြစ်ပေါ်နေစဥ် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းကြောင့်မြေပြိုခြင်း၊ မိုးသီးကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေဘေး၊ လေဘေးအန္တရာယ်ကျရောက်ခဲ့ပါက မုန်တိုင်းအန္တရာယ်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဖြစ်ပေါ်လာသောအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့နိုင်ရေး၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်၌ လိုက်နာရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)