ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ကြည့်ရှုစစ်ဆေး

သံတွဲ  မေ  ၁၀

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများ အားယနေ့ နံနက် ၁၀ နာရီက  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကိုတင်ကာကွယ်ရေး ယာယီခိုလှုံရာ စခန်းများဖြစ်သည့် ဂျိတ္တောရပ်ကွက်ရှိ ဂျိတ္တောကျောင်းကြီး၊ ဓမ္မသု ဘုန်းတော်ကြီးကျောင်း၊ ပုလဲရတနာ ပရိယတ္တိစာသင်တိုက်၊ မဒေးတောင် ဘုရားကုန်းတော်ပေါ်ရှိ ဓမ္မာရုံတို့တွင် ဒေသခံပြည်သူများ ဘေးအရာန္တရာယ်ကင်းရှင်း စွာနေထိုင်နိုင်ရေး၊ သောက်သုံးရေသိုလှောင်ထားရှိမှု၊ ထင်းများ သိုလ်လှောင်ထားရှိမှုထမင်း၊ ဟင်း ချက်ပြုတ်မည့်စားဖိုချောင်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ဆက်လက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများသည် ငပလီမြို့ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအားတွေ့ဆုံ၍ ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသော သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများအား ယနေ့ညနေအပြီး သက်ဆိုင်ရာ ဘေးလွတ်ရာ ယာယီခိုလှုံရာစခန်းများသို့ ပြောင်းရွှေ့ကြရေးတို့ကို ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်းသိရသည်။         

ခရိုင်ပြန်/ဆက်