သတင်းများ

သာပေါင်းမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ထူ
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ၂၀၂၃ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ နေ့စွဲပါ ဆိုင်းဘုတ်ထူပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)ရှေ့၌ စိုက်ထူခဲ့သည်။
နတ်မောက်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူ
May 10,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ၂၀၂၃-၂၀၂၄ ပညသင်နှစ် ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က အခြေခံပညာရေး ကျောင်းများရှေ့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သယံဇာ‌တ‌ရေးရာဝန်ကြီး ခရိုင်/မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
May 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် သယံဇာတ‌ရေးရာ ဝန်ကြီး ဦးအုန်းမြင့်သည် ခရိုင်/မြို့နယ် အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူ
May 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့က  မြို့နယ်ပညာရေးမှူးရုံး၊ အ-ထ-က(၁)၊ အ-ထ-က(၂)ကျောင်းရှေ့များ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့တွင် မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာ
May 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် အသိပေးနှိုးဆော်ချက် လှည့်လည်ကြေညာကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ၊ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူ
May 10,2023
ကရင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
မြို့သစ်မြို့နယ်တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
May 10,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက ရပ်ကွက်အတွင်းသို့ တာဝန်ရှိသူများက လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
May 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် စုဖွဲ့ထားရှိသည့် သဘာဝ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်တုံ့ပြန်ဆောင် ရွက်နိုင်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေအား ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်ဦးဆွေနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။